ဘာကြောင့် Tella ကို သုံးသင့်လဲ။
သင်သည် တက်ကြွလှုပ်ရှားသူ၊ သတင်းထောက်၊ လူ့အခွင့်အရေး ကာကွယ်သူ သို့မဟုတ် မတရားမှုများကို မှတ်တမ်းတင်သူ ဖြစ်ပါက Tella ကို အသုံးပြုနိုင်ပါသည်-
- သင့်ကိုယ်သင် ကာကွယ်ရန် ထိရှလွယ်သော စာရွက်စာတမ်းများ စုဆောင်း၊ သိမ်းဆည်းစဉ် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများမှ ကာကွယ်နိုင်သည်။
- သင်စုဆောင်းသော ဒေတာများကို ကာကွယ်ရန် ဆင်ဆာဖြတ်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကြားဖြတ်ယူခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန်။
- အရည်အသွေးမြင့်သော စာရွက်စာတမ်းများကို လွယ်ကူစွာ ထုတ်လုပ်ရန် သုတေသန၊ တရားမျှတစေရန် ဆောင်ရွက်ခြင်း သို့မဟုတ် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုတို့အတွက် အသုံးပြုနိုင်သည်။
၁။ သင်၏ဒေတာကို ကာကွယ်ပါ
- သင့်ဖိုင်များကို စကားဝှက်ထည့်ရန်- Tella သည် သင့်ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖိုင်များကို စကားဝှက်ထည့်သွင်းမှုကို ချက်ချင်းပြုလုပ်ပါသည်။
- သင့်ဖိုင်များကို စက်ပစ္စည်းတွင် ဖျောက်ရန်- သင့်ဖိုင်များကို ဖုန်းရှိ ပုံမှန် ပုံပြခန်း သို့မဟုတ် ဖိုင်ရှာဖွေအက်ပ်မှ ဝင်ရောက်ကြည့်ရှု၍မရပါ။ အက်ပ်အတွင်း၌သာ ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။
- သင့်ဖိုင်များကို သော့ခတ်ရန်- သင့်ဖိုင်များကို ကာကွယ်ရန် PIN သို့မဟုတ် စကားဝှက်တစ်ခု သတ်မှတ်ပါ။ မှန်ကန်သော သော့ကို ထည့်ခြင်းကသာ Tella တွင် သိမ်းဆည်းထားသော ဖိုင်များကို ကုဒ်ဖြည်နိုင်သည့် နည်းလမ်းဖြစ်သည်။
- အက်ပ်ကို အသွင်ပြောင်းရန်- အခြားသူများမှ ဖုန်းကိုရှာဖွေနေစဉ် Tella ကို ပုံစံပြောင်း၍ ဝှက်ထားနိုင်ပါသည်။
၂။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ပါ
- Tella အတွင်းရှိ ကင်မရာနှင့် အသံဖမ်းစက်- သင့်ဖိုင်များကို အက်ပ်တွင် ချက်ချင်း ကုဒ်ဝှက်ပြီး ဝှက်ထားနိုင်ရန် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်းတင ်ခြင်းနှင့် အသံဖမ်းခြင်းတို့ကို Tella တွင် တိုက်ရိုက်ပြုလုပ်နိုင်သည်။
- Tella သည် Uwazi၊ Kobotoolbox ၊ Tella Web တို့နှင့် ပေါင်းစပ်မှုရှိသည်။ သင့်လိုအပ်ချက်အတွက် အကောင်းဆုံးသော ပလက်ဖောင်းကို ရွေးချယ်ပြီး Tella တွင် ဒေတာကို တိုက်ရိုက် စုဆောင်းပါ။
- အော့ဖ်လိုင်း မုဒ်- အင်တာနက်ချိတ်ဆက်မှု ကန့်သတ်ထားသော သို့မဟုတ် လုံးဝမရှိသော နေရာများတွင် သင့်ဒေတာများကို သိမ်းဆည်းထားပြီး ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှု ရှိသည့်အခါ တင်သွင်းနိုင်သည်။
၃. Tella သည် အခမဲ့ဖြစ်သည့်အပြင် ဘာသာစကားများစွာဖြင့် ရရှိနိုင်သော ပွင့်လင်းအရင်းအမြစ်ဖြစ်သည်
- အမြဲ အခမဲ့- Tella ကို လုံခြုံရေးအန္တရာယ်ကျရောက်နေသူများအတွက် ရေးဆွဲထားပါသည်။ ၎င်းကို အခမဲ့ ဒေါင်းလုဒ်လုပ်၍ အသုံးပြုနိုင်ပြီး အစဉ်အမြဲ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
- သင့်ဘာသာစကား ရွေးပါ- Tella ကို လက်ရှိ၌ အာရပ်၊ ဘီလာရု၊ မြန်မာ၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ ဂျိန်းဖော၊ ကန်နာဒါ၊ ကရင် စကော၊ ကာ့ဒ်၊ မာလယာလံ၊ ပါရှန်း၊ ပေါ်တူဂီ၊ ရုရှ၊ စပိန် (လက်တင်အမေရိကာ) နှင့် တမီးလ် တို့ဖြင့်ရနိုင်ပါသည်။
- ကုဒ်ကို ယုံကြည်ပါ- Tella အတွက် ကုဒ်ကို သုတေသီများ၊ လုံခြုံရေးအခြေအနေ ခွဲခြားစိတ်ဖြာသူများနှင့် ဆော့ဖ်ဝဲတီထွင်သူများက အခမဲ့ စိစစ်၍ ပြန်လည်အသုံးပြုနိုင်ရန် ပွင့်လင်းအရင်းအမြစ်အဖြစ် ပြုလုပ်ပေးထားပြီး အများသူငှာ ရယူအသုံးပြုနိုင်ပါသည်။