Skip to main content

Tella - ကိုယ်ရေးလုံခြုံမှု မူဝါဒ

ملاحظة

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် နောက်ဆုံး အပ်ဒိတ် လုပ်ခဲ့သည်။

معلومات

ကျွန်ုပ်တို့၏ လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု စာမျက်နှာ တွင် Tella ၏ နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် လုံခြုံရေးစစ်ဆေးမှုများအကြောင်း အသေးစိတ်ကို သင်ဖတ်ရှုနိုင်ပါသည်။

အတိုချုံး ဗားရှင်း

Tella ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်အတွက် လိုအပ်သော အနည်းဆုံး ဒေတာပမာဏကိုသာ ကျွန်ုပ်တို့စုဆောင်းပါသည်။

ကျွန်ုပ်တို့သည် မည်သူဖြစ်ကြောင်း သိရှိနိုင်သော အချက်အလက်များကို မည်သည့်အခါမျှ မစုဆောင်းပါ။ သင့်ဒေတာများကို ပြင်ပအဖွဲ့အစည်းများထံ ထုတ်ဖော်၊ မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းမျိုး မည်သည့်အခါမျှ ကျွန်ုပ်တို့ မပြုလုပ်ပါ။

ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် ဆာဗာများသို့ ဒေတာပေးပို့နိုင်သည်။ ကျွန်ုပ်တို့၏ ဒေတာလုံခြုံရေး မူဝါဒများနှင့် ကွဲပြားနိုင်သောကြောင့် အဆိုပါ လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအား ၎င်းတို့၏ဒေတာလုံခြုံရေး မူဝါဒများအကြောင်း မေးမြန်းရန် သုံးစွဲသူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိနေပါစေ ၎င်းတို့ကို ကိုယ်ရေးလုံခြုံမှု ကာကွယ်မှုစံနှုန်း အတူတူပေးပါသည်။

အသေးစိတ်အချက်အလက်များအတွက် အောက်ပါ ကိုယ်ရေးလုံခြုံမှု မူဝါဒ အပြည့်အစုံကို ဖတ်ရှုပါ

၁။ မိတ်ဆက်

Horizontal (“ကုမ္ပဏီ” သို့မဟုတ် “ကျွန်ုပ်တို့”) သည် သင့်ကိုယ်ရေးလုံခြုံမှုကို လေးစားပြီး ဤမူဝါဒကို လိုက်နာခြင်းဖြင့် ၎င်းကိုကာကွယ်ရန် သန္နိဋ္ဌာန် ချထားပါသည်။ ယင်းမူဝါဒတွင် ဖော်ပြထားသည်မှာ-

  • Tella (“အက်ပ်”) ကို အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ဒေါင်းလု‌ဒ်လုပ်ခြင်းများ ပြုလုပ်ချိန်တွင် သင်ပေးရနိုင်သော သို့မဟုတ် ကျွန်ုပ်တို့ စုဆောင်းနိုင်သော သတင်းအချက်အလက်အမျိုးအစား။
  • ထိုအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ကျွန်ုပ်တို့၏ အလေ့အကျင့်များ။

ဤမူဝါဒသည် ဤအက်ပ်တွင် ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များနှင့်သာ သက်ဆိုင်ပါသည်။ ဤမှုဝါဒနှင့် မသက်ဆိုင်သော သတင်းအချက်အလက်များမှာ -

  • ကျွန်ုပ်တို့သည် အော့ဖ်လိုင်းမှဖြစ်စေ၊ Horizontal မှ ပိုင်ဆိုင်သော သို့မဟုတ် လည်ပတ်ဆောင်ရွက်သော အခြားအက်ပ် သို့မဟုတ် ဝဘ်ဆိုက်များမှဖြစ်စေ စုဆောင်းပါသည်။
  • သင်ပေးအပ်သော သို့မဟုတ် အက်ပ်အား ဖြန့်ကျက်အသုံးပြုသည့် အဖွဲ့အစည်း သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုမှ စုဆောင်းသော သတင်းအချက်အလက်များ (ပြင်ပအဖွဲ့အစည်း အချက်အလက်စုဆောင်းမှုကို ကြည့်ပါ)။

ကျွန်ုပ်တို့၏ အခြားဝဘ်ဆိုက်များနှင့် အက်ပ်များ၊ အခြားပြင်ပပါတီများ သို့မဟုတ် အက်ပ်ကို အသုံးပြုသည့် အဖွဲ့အစည်းများတွင် ကိုယ်ပိုင် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများ ရှိနိုင်ခြင်းကြောင့် ၎င်းတို့အား သို့မဟုတ် ၎င်းတို့မှတစ်ဆင့် သတင်းအချက်အလက်များ မပေးအပ်မီ ဖတ်ရှုရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် သင့်အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

သင့်အချက်အလက်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏မူဝါဒများနှင့် အလေ့အကျင့်များ၊ ယင်းအချက်အလက်များကို မည်သို့ကိုင်တွယ်ကြောင်း နားလည်ရန် ဤမူဝါဒကို ဂရုတစိုက်ဖတ်ရှုပါ။ ကျွန်ုပ်တို့၏ မူဝါဒများနှင့် အလေ့အကျင့်များကို သဘောမတူပါက ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ မပြုပါနှင့်။ ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို သဘောတူရာရောက်ပါသည်။ ဤမူဝါဒသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည် (ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအပြောင်းအလဲများကို ကြည့်ပါ)။ ဤမူဝါဒကို ကျွန်ုပ်တို့ပြန်လည်ပြင်ဆင်ပြီးနောက် ဤအက်ပ်ကို ဆက်လက်အသုံးပြုခြင်းဖြင့် အဆိုပါအပြောင်းအလဲများကို သင်လက်ခံသည်ဟု အဓိပ္ပာယ်ရောက်ပါသည်၊ ထို့ကြောင့် မူဝါဒ အပ်ဒိတ်လုပ်ခြင်း ရှိ၊မရှိ အခါအားလျော်စွာ စစ်ဆေးပါ။

၂။ အသက် ၁၆ နှစ် အောက်ကလေးများ

ဤအက်ပ်သည် အသက် ၁၆ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်း မဟုတ်ပါ၊ ကျွန်ုပ်တို့သည် အသက် ၁၆ နှစ်အောက် ကလေးများထံမှ ကိုယ်ရေးအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ မစုဆောင်းပါ။ မိဘ၏ ခွင့်ပြုချက်မပါဘဲ ၁၆ နှစ်အောက်ကလေးထံမှ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းရရှိထားသည်ကို သိရှိပါက ထိုအချက်အလက်များကို ကျွန်ုပ်တို့ ဖျက်ပစ်မည် ဖြစ်သည်။ ၁၆ နှစ်အောက် ကလေးတစ်ဦးထံမှ သို့မဟုတ် ထိုကလေးအကြောင်း အချက်အလက်တစ်စုံတစ်ရာ ကျွန်ုပ်တို့တွင် ရှိနိုင်သည်ဟု သင်ယုံကြည်ပါက ကျေးဇူးပြု၍ contact@tella-app.org တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

၃။ Tella မှ စုဆောင်းသော သတင်းအချက်အလက်နှင့် စုဆောင်းနည်း

အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုခြင်းဖြင့် သင်သည် ဒေတာစုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းကို သဘောတူပါသည်။ Tella သည် အက်ပ် အသုံးပြုသူများထံမှ အချက်အလက်များ စုဆောင်းသည် -

  • သင် အချက်အလက်ပေးသည့်အခါ သင့်ထံမှ တိုက်ရိုက် ရယူပါသည် (အောက်တွင် “သင်ပေးသော အချက်အလက်နှင့် ဒေတာ” ကို ကြည့်ပါ)။
  • အက်ပ်ကို သင်အသုံးပြုသည့်အခါ အလိုအလျောက် စုဆောင်းပါသည် (အောက်ပါ “အလိုအလျောက် အချက်အလက်စုဆောင်းခြင်း” ကို ကြည့်ပါ)။

သင်ပေးသော အချက်အလက်နှင့် ဒေတာ

သင်သည် ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ပြုလုပ်သည့်အခါ အမည်နှင့် အီးမေးလ်လိပ်စာ (“ကိုယ်ရေး အချက်အလက်”) ကဲ့သို့ သင်ကိုယ်တိုင် သတ်မှတ်ထားနိုင်သည့် အချက်အလက်များကို ပေးရန် ကျွန်ုပ်တို့ တောင်းဆိုနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါအချက်အလက်များ ပါဝင်သည် -

  • သင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါက (အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များအပါအဝင်) Horizontal နှင့် သင့်အဆက်အသွယ်များ၏ မှတ်တမ်းများနှင့် မိတ္တူများ။
  • အက်ပ်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို သင်သတင်းပို့သည့်အခါ သို့မဟုတ် ပိုမိုကောင်းမွန်စေရန် အကြံပြုသည့်အခါ စိစစ်လေ့လာရန်ရည်ရွယ်၍ စစ်တမ်းများကို သင့်အား တုံ့ပြန်ဖြည့်ခိုင်းနိုင်ပါသည်။

ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံမှတ်တမ်းများနှင့် အခြားဖိုင်အမျိုးအစားများကို ရယူရန် သို့မဟုတ် သိမ်းဆည်းရန် ဤအက်ပ်ကို သင် အသုံးပြုနိုင်ပါသည်။ အဆိုပါဒေတာများကို သင်၏ စက်တွင် သိုလှောင်ထားပြီး ၎င်းဒေတာများကို အသုံးပြုသည့်အဖွဲ့အစည်းများ၏ ဆာဗာများသို့ လွှဲပြောင်းပေးပို့ရန် မရွေးချယ်မချင်း အက်ပ်အသုံးပြုသည့် အဖွဲ့အစည်းများ အပါအဝင် အက်ပ်ကုမ္ပဏီ သို့မဟုတ် အခြား မည်သည့် ပြင်ပအဖွဲ့အစည်းမှ ဝင်ရောက်နိုင်မည် မဟုတ်ပါ (ပြင်ပအဖွဲ့အစည်း အချက်အလက်စုဆောင်းခြင်းကို ကြည့်ပါ)။

အလိုအလျောက် အချက်အလက် စုဆောင်းခြင်း

ဤအက်ပ်ကို သင်ဒေါင်းလုဒ်လုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ပြုလုပ်သည့်အခါ ခွဲခြမ်းစိတ်ဖြာချက်နှင့် ချွတ်ယွင်းချက် အစီရင်ခံစာများကဲ့သို့ သင်နှင့်ပတ်သက်သည့် အချက်အလက်များကို အက်ပ်မှ စုဆောင်းနိုင်သော်လည်း သင် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ခြင်းမပြုပါ။ အဆိုပါအလိုအလျောက် အချက်အလက်စုဆောင်းမှုကို သုံးစွဲသူက လွတ်လပ်စွာ ပိတ်နိုင်ပါသည်။ (ကျွန်ုပ်တို့၏ သင့်အချက်အလက်များ စုဆောင်းမှု၊ အသုံးပြုမှုနှင့် ထုတ်ဖော်မှုအကြောင်း သင့်ရွေးချယ်မှုများကို ကြည့်ပါ)။

ဖိုင်၊ စက်နှင့် တည်နေရာ မက်တာဒေတာ

အတည်ပြုမုဒ် ဖွင့်ထားစဉ် အက်ပ်ကို သင်ဝင်ရောက်အသုံးပြုသည့်အခါ Tella သည် အချို့ အချက်အလက်များကို အလိုအလျောက် စုဆောင်းပါသည်။

သင်ဖန်တီးသည့်ဖိုင်များ သို့မဟုတ် အက်ပ်သို့ ပေးပို့သည့်ဖိုင်များနှင့် ဆက်စပ်နေသော အချက်အလက်များကို Tella မှ စုဆောင်းပါသည်။ ၎င်းစုဆောင်းမှုတွင် ဖိုင်အမည်၊ စက်ပစ္စည်းပေါ်ရှိ ဖိုင်လမ်းကြောင်း၊ ဖိုင်ကို နောက်ဆုံးမွမ်းမံထားသည့် ရက်စွဲနှင့် အချိန်၊ မက်တာဒေတာကို ထုတ်ပေးသည့် ရက်စွဲနှင့် အချိန်၊ ဖိုင်၏ hash တန်ဖိုးကဲ့သို့ အချက်အလက်များ ပါဝင်နိုင်သည်။ အဆိုပါဒေတာများကို “ဖိုင်မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။

စက်ပစ္စည်းထုတ်လုပ်သူ၊ ဟာ့ဒ်ဝဲ၊ စက်ပစ္စည်း ID၊ မျက်နှာပြင်အရွယ်အစား၊ ဘာသာစကား၊ နေရာဒေသ၊ ချိတ်ဆက်မှု အခြေအနေ၊ ကွန်ရက်အချိန်၊ မိုဘိုင်းဒေတာအမျိုးအစား၊ ကြိုးမဲ့ကွန်ရက် MAC လိပ်စာနှင့် အင်တာနက်ပရိုတိုကော ဒေတာအပါအဝင် သင့်မိုဘိုင်းစက်ပစ္စည်းနှင့် အင်တာနက်ချိတ်ဆက်မှုဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းပါသည်။ အဆိုပါဒေတာများကို “စက်ပစ္စည်း မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။

Tella သည် ဖိုင်တစ်ခုကို ဖမ်းယူသည့်အခါ စက်၏တည်နေရာကို စိစစ်ရာ၌ အထောက်အကူဖြစ်စေမည့် အချက်အလက်များကို စုဆောင်းပါသည်။ ယင်းစုဆောင်းမှုတွင် တည်နေရာ (လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ တိကျမှုနှင့် အမြင့်) အပါအဝင်၊ တည်နေရာပံ့ပိုးပေးသူ၊ တည်နေရာအမြန်နှုန်းနှင့် သင့်စက်ပစ္စည်းနှင့် ချိတ်ဆက်ထားသည့် ဆဲလ်တာဝါတိုင်များ ပါဝင်သည်။ အဆိုပါဒေတာများကို “တည်နေရာ မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။

သင်၏ အက်ပ်ဆက်တင်များတွင် အတည်ပြုမုဒ်ကို ဖွင့်ခြင်းဖြင့် စုဆောင်းရန် ရွေးချယ်မှသာ ဖိုင်၊ စက်နှင့် တည်နေရာ မက်တာဒေတာတို့ကို စုဆောင်းမည်ဖြစ်သည်။ ယင်းအချက်အလက်များကို Tella မှ မစုဆောင်းစေလိုပါက အတည်ပြုမုဒ်ကို မဖွင့်ပါနှင့်။

အချက်အလက် စုဆောင်း နည်းပညာများ

အလိုအလျောက် အချက်အလက်စုဆောင်းရန် ကျွန်ုပ်တို့အသုံးပြုသည့် နည်းပညာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -

  • ဆယ်လူလာ ကွန်ရက်။
  • WiFi ကွန်ရက်။
  • စက်ပစ္စည်း အရှိန်မြှင့်ကိရိယာ။
  • စက်ပစ္စည်း GPS။
  • စက်ပစ္စည်း gyroscope။
  • စက်ပစ္စည်း အလင်း-အာရုံခံကိရိယာ။
  • စက်ပစ္စည်း ဘာရိုမီတာ။

၄။ အက်ပ်မှတစ်ဆင့် သင်ပေးပို့သည့် အချက်အလက်

ဒေတာပေးပို့ရန် အက်ပ်ကို သင်အသုံးပြုသည့်အခါ (ခြုံငုံ၍ပြောလျှင် “သုံးစွဲသူများ၏ ပံ့ပိုးကူညီမှုများ” ဖြစ်သည့်) ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖမ်းယူမှုများနှင့် အခြားဖိုင်များ၊ မက်တာဒေတာနှင့် စာသားဒေတာများ ပေးပို့ရန် မှတ်တမ်းတင်ခြင်း သို့မဟုတ် ဒေတာစုဆောင်းခြင်းလုပ်ငန်းစဉ်ကို ကြီးကြပ်နေသည့် အက်ပ်အသုံးပြုနေသောအဖွဲ့အစည်း၏ ဆာဗာသို့ ချိတ်ဆက်ပေးသည်။

သုံးစွဲသူများ၏ ပံ့ပိုးကူညီမှုများအပါအဝင် သင်ပေးပို့သော ဒေတာ သိမ်းဆည်းထားသည့် ဆာဗာကို အက်ပ်အသုံးပြုသည့် အဖွဲ့အစည်းမှ စီမံခန့်ခွဲပြီး တာဝန်ယူပါသည်။ ထိုဒေတာများကို အက်ပ်ကုမ္ပဏီမှ မပိုင်ဆိုင်ဘဲ အက်ပ်အသုံးပြုသည့် အဖွဲ့အစည်းမှ ပိုင်ဆိုင်ပြီး ၎င်းဒေတာများ ကိုင်တွယ်မှုနှင့် အသုံးပြုမှုအတွက် တာဝန်ရှိပါသည်။ အက်ပ်ကုမ္ပဏီသည် အက်ပ်အသုံးပြုနေသည့် အဖွဲ့အစည်းမှ စုဆောင်းရရှိထားသော ဒေတာများကို ရယူသုံးစွဲခွင့် သို့မဟုတ် ထိန်းချုပ်ခွင့် မရှိပါ။

သင်၏ အသုံးပြုသူ ပံ့ပိုးကူညီမှုများကို မိမိဆန္ဒအလျောက် စွန့်စားပေးပို့ခြင်း ဖြစ်သည်။ သင့် အသုံးပြုသူ ပံ့ပိုးကူညီမှုများ၏ ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပြီး ၎င်းတို့ကို ကာကွယ်ရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်ပါသည်။ သို့သော် ပြီးပြည့်စုံသော သို့မဟုတ် ထိုးဖောက်ဝင်ရောက်မရနိုင်သော လုံခြုံရေးအစီအမံများဟူ၍ မရှိပါ။ ပြင်ပအဖွဲ့အစည်းများမှ ဖျက်စီးခြင်း၊ ဆုံးရှုံးခြင်း သို့မဟုတ် အခွင့်မရှိဘဲ ဝင်ရောက်ခြင်းတို့ ဖြစ်ပွားပါက အက်ပ်ကုမ္ပဏီမှ တာဝန်ယူမည်မဟုတ်ပါ။

အသုံးပြုသူဒေတာ သိမ်းဆည်းထားသည့် ဆာဗာကို ထည့်သွင်းပြီး စီမံခန့်ခွဲရန် အက်ပ်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားပါက ကုမ္ပဏီသည် အက်ပ်အသုံးပြုနေသည့်အဖွဲ့အစည်း၏ မိတ်ဖက်အဖြစ် ဒေတာကို ဝင်ရောက်ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။ ကုမ္ပဏီသည် သင့်ဒေတာကို ကြည့်ရှု၊ ထိန်းချုပ်နိုင်ပြီး စီမံခန့်ခွဲနိုင်မည်ဖြစ်သော်လည်း ၎င်းအား စာချုပ်ချုပ်ထားသော အက်ပ်အသုံးပြုသည့် အဖွဲ့အစည်းမှလွဲ၍ အခြားမည်သည့် ပြင်ပအဖွဲ့အစည်းကိုမျှ ထုတ်ဖော်မည် မဟုတ်ပါ။

အထက်ဖော်ပြပါအချက်များအား ကန့်သတ်ခြင်းမရှိဘဲ ကုမ္ပဏီဝန်ထမ်းများသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနေသည့်အဖွဲ့အစည်းအား ပံ့ပိုးကူညီရန် သို့မဟုတ် ဝန်ဆောင်မှု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် မလိုအပ်ဘဲ ပုဂ္ဂလိကဆန်သည့် အချက်အလက်များကို သုံးစွဲခြင်းမပြုလုပ်ပါ။

အက်ပ် သို့မဟုတ် ၎င်း၏ အကြောင်းအရာကို သင်အသုံးပြုသည့်အခါ သင် သို့မဟုတ် သင့်စက်ပစ္စည်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် ပြင်ပအဖွဲ့အစည်းအချို့သည် အလိုအလျောက် အချက်အလက် စုဆောင်းမှုနည်းပညာများကို အသုံးပြုနိုင်ပါသည်။ ဤပြင်ပအဖွဲ့အစည်းများ ပါဝင်နိုင်သည် -

  • သင့်မိုဘိုင်းစက်ပစ္စည်း ထုတ်လုပ်သူ။
  • သင့်မိုဘိုင်း ဝန်ဆောင်မှုပေးသူ။
  • Google Play Store မှတစ်ဆင့် အက်ပ်ကို ထည့်သွင်းမည်ဆိုပါက။

ဤအက်ပ်ကို သင်အသုံးပြုသောအခါ အဆိုပါ ပြင်ပအဖွဲ့အစည်းများသည် သင့်အကြောင်း အချက်အလက်စုဆောင်းရန် ခြေရာခံနည်းပညာများကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့စုဆောင်းထားသော အချက်အလက်များသည် သင့်ကိုယ်ရေးအချက်အလက်များနှင့် ဆက်စပ်နိုင်သလို ၎င်းအဖွဲ့အစည်းများသည် ကိုယ်ရေးအချက်အလက်များအပါအဝင် အချိန်နှင့်အမျှ သင်၏ အွန်လိုင်းလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ၊ ဝဘ်ဆိုက်အမျိုးမျိုး၊ အက်ပ်အမျိုးမျိုးနှင့် အခြားအွန်လိုင်းဝန်ဆောင်မှု ဝဘ်ဆိုက်များမှ အချက်အလက်များကို စုဆောင်းနိုင်သည်။ သင့်အား စိတ်ဝင်စားမှုအခြေခံသည့် (အပြုအမူဆိုင်ရာ) ကြော်ငြာ သို့မဟုတ် အခြားပစ်မှတ်ထားသော အကြောင်းအရာများကို ပံ့ပိုးပေးရန် အဆိုပါအချက်အလက်ကို အသုံးပြုနိုင်သည်။

အဆိုပါ ပြင်ပအဖွဲ့အစည်းများ၏ ခြေရာခံနည်းပညာများ သို့မဟုတ် ၎င်းနည်းပညာအား မည်သို့အသုံးပြုမည်ကို ကျွန်ုပ်တို့ မထိန်းချုပ်ပါ။ သင့်တွင် ကြော်ငြာတစ်ခု သို့မဟုတ် အခြားပစ်မှတ်ထားသော အကြောင်းအရာနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက တာဝန်ရှိသော ဝန်ဆောင်မှုပေးသူကို တိုက်ရိုက်ဆက်သွယ်သင့်သည်။

Google Play Store မှတစ်ဆင့် အက်ပ်ကို ဒေါင်းလုဒ် မလုပ်လိုပါက သင်သည် ဤလင့်ခ်တွင် APK တစ်ခုကို တိုက်ရိုက် ဒေါင်းလုဒ်လုပ်နိုင်သည်

လျှို့ဝှက်ထားသော အချက်အလက်များ သို့မဟုတ် စီးပွားဖြစ် ရင်းမြစ်သိုလှောင်မှု သို့မဟုတ် မှီခိုမှု မပါဝင်သည့်အပြင် ခြေရာခံခြင်းမှ ကင်းလွတ်သည့် Android အတွက် Tella ၏ အခမဲ့နှင့် ပွင့်လင်းရင်းမြစ်ဗားရှင်းကို F-droid တွင် ရှာတွေ့နိုင်ပါသည်။

၅။ သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံ

သင်၏ အက်ပ်အသုံးပြုမှုမှ စုဆောင်းထားသော မည်သည့်အချက်အလက်ကိုမဆို သင်၏ကြိုတင်သဘောတူညီချက် မရှိဘဲ Horizontal နှင့် မသက်ဆိုင်သော သို့မဟုတ် Horizontal မှ မပိုင်ဆိုင်သော ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေမည်မဟုတ်ပါ။ အလိုအလျောက်ဆုံးဖြတ်ချက်များချနိုင်ရန် အက်ပ် အသုံးပြုရာမှ စုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့ အသုံးမပြုပါ။

သင့်အချက်အလက်များကို ထုတ်ဖော်ခြင်း

ကျွန်ုပ်တို့သည် စက်ပစ္စည်း သို့မဟုတ် လူပုဂ္ဂိုလ်ဖြစ်ကြောင်း ခွဲခြားသတ်မှတ်မထားသည့် အချက်အလက်များ၊ အက်ပ်အသုံးပြုသူများ အကြောင်း စုစည်းထားသော အချက်အလက်များကို ကန့်သတ်မှုမရှိဘဲ ထုတ်ဖော်နိုင်ပါသည်။ ဥပဒေအရ လိုအပ်ခြင်းမရှိပါက မည်သည့် စက်ပစ္စည်း သို့မဟုတ် လူပုဂ္ဂိုလ်ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးသည့် အက်ပ်အသုံးပြုသူများ၏ မည်သည့် အချက်အလက်ကိုမဆို ပြင်ပအဖွဲ့အစည်းတစ်ခုခုထံ ထုတ်ဖော်မည်မဟုတ်ပါ။

ကျွန်ုပ်တို့စုဆောင်းထားသော သို့မဟုတ် သင် ပေးသော ကိုယ်ရေးအချက်အလက်များနှင့် ဒေတာများကို ကျွန်ုပ်တို့ ထုတ်ဖော်နိုင်ပါသည်-

  • ပံ့ပိုးမှုပေးရန် သို့မဟုတ် ပြဿနာများဖြေရှင်းရန် စသဖြင့် သင် ပေးရသည့် ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်။
  • သင်မျှဝေသည့် သတင်းအချက်အလက်ကို ကျွန်ုတို့ ထုတ်ဖော်ရသည့် အခြား ရည်ရွယ်ချက်တစ်စုံတစ်ရာအတွက်။
  • သင့်သဘောဆန္ဒဖြင့်။
  • အစိုးရတစ်ရပ်ရပ် သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ တောင်းဆိုချက်တစ်ခုခုကို တုံ့ပြန်ခြင်းအပါအဝင် တရားရုံးအမိန့်၊ ဥပဒေ သို့မဟုတ် ဥပဒေလုပ်ငန်းစဉ်တစ်ရပ်ရပ်ကို လိုက်နာရန်။
  • အက်ပ်၏ အသုံးပြုမှု စည်းမျဉ်းများအပါအဝင် သင်နှင့် ကျွန်ုပ်တို့ကြား ချုပ်ဆိုထားသော စာချုပ်များမှ ဖြစ်ပေါ်လာသည့် ကျွန်ုပ်တို့၏ အခွင့်အရေးများကို ကျင့်သုံးရန်။

၆။ သင့်အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းပုံ၊ အသုံးပြုပုံနှင့် မျှဝေပုံနှင့် စပ်လျဉ်းသည့် သင့်ရွေးချယ်မှုများ

အက်ပ်၏ ဆက်တင်များမီနူးမှတစ်ဆင့် အောက်ပါတို့ကို ဖယ်ထုတ်ရန် ရွေးချယ်ခွင့် ရှိသည်-

  • ချွတ်ယွင်းချက် အစီရင်ခံစာများနှင့် အသုံးပြုမှု ခွဲခြမ်းစိတ်ဖြာချက်
  • သင့်အက်ပ်ဆက်တင်များတွင် “အတည်ပြုမုဒ်” ကို ပိတ်ခြင်းဖြင့် တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ မက်တာဒေတာ စုဆောင်းမှု။

F-droid တွင် ရရှိနိုင်သော Tella ၏ FOSS ဗားရှင်း၌ ချွတ်ယွင်းချက် အစီရင်ခံစာများ သို့မဟုတ် အသုံးပြုမှု ခွဲခြမ်းစိတ်ဖြာချက်အတွက် ခြေရာခံကိရိယာများ မရှိပါ။

၇။ သင်၏ ကိုယ်ရေးအချက်အလက်များကို ရယူခြင်းနှင့် ပြုပြင်ခြင်း

ကျွန်ုပ်တို့ သင့်အား အောက်ပါတို့ကို ပေးပြီးနောက် သင်သည် အချက်အလက်ဒေတာ ရယူသုံးစွဲခွင့် တောင်းဆိုချက် (SAR) ကို အခမဲ့ တင်သွင်းခွင့် ရှိသည် -

  • ကျွန်ုပ်တို့ စီမံဆောင်ရွက်နေသည့် သင်နှင့်သက်ဆိုင်သော ကိုယ်ရေးအချက်အလက်။
  • အချက်အလက်များကို စီမံဆောင်ရွက်ရသည့် အကြောင်းရင်း။
  • သင့်ကိုယ်ရေးအချက်အလက်ကို မည်သူက ရယူသုံးစွဲခွင့်ရှိသလဲ။
  • ဤကိုယ်ရေးအချက်အလက်ကို မည်သည့်လုပ်ငန်းစဉ်များတွင် အသုံးပြုနေသနည်း။

SAR တင်သွင်းရန် ကျေးဇူးပြု၍ contact@wearehorizontal.org သို့ ဆက်သွယ်ပါ။

သင် ကျွန်ုပ်တို့အား ပေးထားသည့် ကိုယ်ရေးအချက်အလက်များကို ရယူသုံးစွဲခွင့်၊ ပြင်ဆင်ခွင့် သို့မဟုတ် ဖျက်ခွင့် တောင်းဆိုရန် contact@horizontal.org သို့ အီးမေးလ်လည်း ပေးပို့နိုင်ပါသည်။ အပြောင်းအလဲပြုလုပ်ခြင်းက ဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေအရ လိုအပ်ချက်တစ်စုံတရာကို ဖြစ်စေ ချိုးဖောက်ရာရောက်မည် သို့မဟုတ် အချက်အလက်များ မမှန်မကန်ဖြစ်စေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါက အပြောင်းအလဲပြုလုပ်ရန် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည်မဟုတ်ပါ။

၈။ သင်၏ ကယ်လီဖိုးနီးယား ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများ

သင်သည် ကယ်လီဖိုးနီးယားတွင် နေထိုင်သူဖြစ်ပါက ကယ်လီဖိုးနီးယားဥပဒေအရ သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုခြင်းနှင့် ပတ်သက်သည့် နောက်ထပ်အခွင့်အရေးများ ရှိနိုင်ပါသည်၊ သင်၏ ကယ်လီဖိုးနီးယား ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများအကြောင်း ပိုမိုလေ့လာရန်၊ https://www.oag.ca.gov/privacy/ccpa သို့ ဝင်ရောက်ကြည့်ရှုပါ။

၉။ ဒေတာလုံခြုံရေး

သင်၏ ကိုယ်ရေးအချက်အလက်များကို မတော်တဆဆုံးရှုံးခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း၊ ပြောင်းလဲခြင်းနှင့် ထုတ်ဖော်ခြင်းတို့မှ လုံခြုံစေရန် ရေးဆွဲထားသော အစီအမံများကို ကျွန်ုပ်တို့ အကောင်အထည်ဖော်ဆောင်ရွက်ထားပါသည်။ ကျွန်ုပ်တို့အား သင်ပေးအပ်သည့် အချက်အလက်အားလုံးကို အက်ပ်အတွင်းတွင် ကုဒ်ဝှက်ထားပြီး ကွန်ရက်လုံခြုံရေးစနစ်များ၏ နောက်ကွယ်ရှိ ကျွန်ုပ်တို့၏ ဆာဗာများသို့ လုံခြုံစွာ လွှဲပြောင်းပေးပို့ထားသည်။

သင့်အချက်အလက်များ ဘေးကင်းရေးနှင့် လုံခြုံရေးသည် သင့်အပေါ်တွင်လည်း မူတည်ပါသည်။ ကျွန်ုပ်တို့အက်ပ်၏ အချို့ အစိတ်အပိုင်းများသို့ ဝင်ရောက်ရန် ကျွန်ုပ်တို့သည် သင့်အား (သို့မဟုတ် သင်ရွေးချယ်ထားသည့်နေရာ) တွင် စကားဝှက်တစ်ခု ပေးထားပြီး ဤစကားဝှက်ကို လျှို့ဝှက်ထားရန် သင့်တွင် တာဝန်ရှိပါသည်။ သင့်စကားဝှက်ကို မည်သူနှင့်မျှ မမျှဝေရန် သင့်အား ကျွန်ုပ်တို့ တောင်းဆိုပါသည်။

ကံမကောင်းစွာဖြင့် အင်တာနက်နှင့် မိုဘိုင်းပလက်ဖောင်းများမှတစ်ဆင့် အချက်အလက်များ ပေးပို့ခြင်းသည် အပြည့်အဝလုံခြုံမှု မရှိပါ။ သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်နိုင်ရန် ကျွန်ုပ်တို့ အကောင်းဆုံး ဆောင်ရွက်သော်လည်း ကျွန်ုပ်တို့၏ အက်ပ်မှတစ်ဆင့် ပေးပို့သော သင့်ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေးကို ကျွန်ုပ်တို့ အာမခံချက်မပေးနိုင်ပါ။ ကိုယ်ရေးအချက်အလက် မျှဝေခြင်းမှန်သမျှသည် သင့်ဆုံးဖြတ်ချက်ဖြင့် စွန့်စားလုပ်ဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ပေးထားသော ကိုယ်ရေးလုံခြုံမှုဆက်တင်များ သို့မဟုတ် သို့မဟုတ် လုံခြုံရေးအစီအမံများကို ရှောင်တိမ်းမှုအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

၁၀။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ အပြောင်းအလဲများ

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ သိသာထင်ရှားသော အပြောင်းအလဲများ ပြုလုပ်ပါက ကိုယ်ရေးလုံခြုံမှု မူဝါဒကို အပ်ဒိတ်လုပ်ထားကြောင်း ညွှန်ပြသည့် အကြောင်းကြားချက်နှင့်အတူ ဤစာမျက်နှာတွင် ကိုယ်ရေးလုံခြုံမှု မူဝါဒအသစ်ကို ထုတ်ပြန်ပါမည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒ နောက်ဆုံးပြန်လည်ပြင်ဆင်သည့်ရက်စွဲကို စာမျက်နှာ၏ထိပ်တွင် သတ်မှတ်ထားသည်။ အပြောင်းအလဲများ ရှိမရှိ စစ်ဆေးရန်အတွက် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ သွားရောက်ကြည့်ရှုရန် သင့်တွင် တာဝန်ရှိပါသည်။

၁၁။ ဆက်သွယ်ရန် အချက်အလက်

ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု အလေ့အကျင့်များအကြောင်း မေးခွန်းများမေးရန် သို့မဟုတ် မှတ်ချက်ပေးရန်၊ contact@wearehorizontal.org တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။