Tella သည် ပွင့်လင်းအရင်းအမြစ် ဖြစ်သည်
Tella အသုံးပြုသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှုသည် ကျွန်ုပ်တို့မစ်ရှင်၏ ဗဟိုချက် ဖြစ်သည်။ ထို့ကြောင့် အပလီကေးရှင်း၏ကုဒ်သည် လုံးဝ ပွင့်လင်းအရင်းအမြစ် ဖြစ်ပါသည်။ ဆိုလိုရင်းမှာ ထိုကုဒ်ကို အများပြည်သူမှ ပြန်လည်သုံးသပ်နိုင်သောကြောင့် သုံးစွဲသူ၏ဒေတာကို ကျွန်ုပ်တို့အနေဖြင့် ဒေတာ အလွဲသုံးစားမပြုကြောင်း၊ ကျွန်ုပ်တို့ပြောသည့်အတိုင်း အမှန်တကယ်လုပ်ဆောင်ကြောင်းနှင့် ကျွန်ုပ်တို့၏ကုဒ် ကြံ့ခိုင်မှု ရှိကြောင်း မည်သူမဆို စစ်ဆေးနိုင်မည် ဖြစ်သည်။
Tella ၏ ကုဒ်ကို ပလက်ဖောင်းအားလုံးအတွက် အများပြည်သူ ဝင်ကြည့်နိုင်သည်: Tella Android, Tella iOS, Tella Desktop နှင့် Tella Web။ ကျွန်ုပ်တို့ကို ယုံကြည်မည့်အစား ကုဒ်ကို သင်ကိုယ်တိုင် စစ်ဆေးနိုင်သည် သို့မဟုတ် သင်ယုံကြည်ရသူတစ်ဦးအား စစ်ဆေးရန် တောင်းဆိုနိုင်သည် သို့မဟုတ် Tella ၏ ကုဒ်ကို အမှီအခိုကင်းသော လုံခြုံရေးကုမ္ပဏီများက စစ်ဆေးပြီး ရေးသားထားသော အစီရင်ခံစာများ ကို ဖတ်နိုင်သည်။
ထို့ပြင် ကျွန်ုပ်တို့သည် မည်သည့် အပိတ်ရင်းမြစ် သို့မဟုတ် တစ်ဦးတည်းပိုင် စုစည်းမှု သို့မဟုတ် မှီခိုမှုမျှ မပါဝင်သည့် Android အတွက် Tella ၏ အပြည့်အဝ အခမဲ့နှင့် ပွင့်လင်းအရင်းအမြစ် ဗားရှင်းကို ထုတ်ဝေ ထိန်းသိမ်းထားပြီး ၎င်းသည် ခြေရာခံမှုများမှ ကင်းလွတ်ပါသည်။ Tella ၏ ထိုဗားရှင်းအတွက် ကုဒ်ကို Github တွင် ဤနေရာ နှင့် F-droid စတိုး ၌ ရှာနိုင်ပ ါသည်။
A detailed list of features available on each platform is available here: