Skip to main content

Tella တွင် ဘာသာစကားနှင့် သုံးစွဲနိုင်မှု

Tella ကို သုံးစွဲနိုင်စေရေးသည် ကျွန်ုပ်တို့အတွက် ထိပ်တန်းဦးစားပေးဖြစ်သည်။ သုံးစွဲနိုင်စေရေးဟု ဆိုရာတွင် မသန်စွမ်းအသုံးပြုသူများနှင့် စာတတ်မြောက်မှု သို့မဟုတ် နည်းပညာတတ်မြောက်မှု ကန့်သတ်ချက်ရှိသော အသုံးပြုသူများသည် Tella ကို အသုံးပြုနိုင်ပြီး ဘာသာစကားများစွာဖြင့် တတ်နိုင်သမျှ ရရှိနိုင်စေရန် ကျွန်ုပ်တို့ အကောင်းဆုံး လုပ်ဆောင်နေသည်ဟု ဆိုလိုပါသည်။

ဘာသာစကား သုံးစွဲနိုင်မှု

Tella ကို လိုအပ်ကြောင်း ပြောဆိုကြသည့် အသိုင်းအဝိုင်းများ၏ ဘာသာစကားများဖြင့် ရရှိနိုင်ရန် ကျွန်ုပ်တို့ ကြိုးစားနေပါသည်။ သို့သော်လည်း ဘာသာပြန်ဆိုမှုအားလုံးကို ခေတ်မီနေစေရန် စွမ်းရည် သို့မဟုတ် ရင်းမြစ်များ ကျွန်ုပ်တို့တွင် အမြဲမရှိပါ။ Tella ကို ဘာသာပြန်ဆိုရာတွင် သင့်အနေဖြင့် ပါဝင်ကူညီပေးလိုပါက ဤနေရာတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။ ဘာသာစကားအသစ်တစ်ခုထည့်လိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ၊ ၎င်းကိုထည့်သွင်းရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံး လုပ်ဆောင်ပါမည်။ လက်ရှိတွင် Tella Android နှင့် iOS တို့ကို သုံးစွဲနိုင်သည်မှာ -

  1. အာရဗီ
  2. ဘီလာရု
  3. မြန်မာ
  4. အင်္ဂလိပ်
  5. အင်ဒိုနီးရှား
  6. ဂျိန်းဖော
  7. ကန်နာဒါ
  8. ကရင်စကော
  9. ကာ့ဒ်
  10. မလေး
  11. ပါရှန်း
  12. ပေါ်တူဂီ
  13. ရုရှ
  14. စပိန် (လက်တင်အမေရိက)
  15. တမီးလ်

ဗီဒီယို သင်ခန်းစာများ တွင် စပိန်၊ အာရပ်၊ ဆွာဟီလီနှင့် ပြင်သစ်ဘာသာစကားများဖြင့် စာတန်းထိုးများ ရနိုင်သည်။

WCAG သုံးစွဲနိုင်မှု

ဤဇယားတွင် ပလက်ဖောင်းတစ်ခုစီအတွက် ကျွန်ုပ်တို့၏ နောက်ဆုံးရ အသုံးပြုနိုင်မှုအစီရင်ခံစာများကို သင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပလက်ဖောင်းရက်စွဲလင့်ခ်
Tella Androidနိုဝင်ဘာလ ၂၀၂၃လင့်ခ်
Tella iOSနိုဝင်ဘာလ ၂၀၂၃လင့်ခ်

ကျွန်ုပ်တို့သည် Tella Android တွင်တွေ့ရှိရသော A Level အတွက် သုံးစွဲနိုင်မှုဆိုင်ရာ ပြဿနာအားလုံးကို ဖြေရှင်းရန် လက်ရှိတွင် လုပ်ဆောင်နေပါသည်။