Skip to main content

Tella အကြောင်း မေးလေ့ရှိသော မေးခွန်းများ

အထွေထွေ

Tella ဆိုတာ ဘာလဲ။

အင်တာနက်ချိတ်ဆက်မှု ကန့်သတ်ထားသော သို့မဟုတ် လုံးဝမရှိသော ဒေသများ သို့မဟုတ် ဖိနှိပ်ခံနေရသည့်အခြေအနေများကဲ့သို့ စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်များတွင် Tella သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်နှင့် ဒေတာစုဆောင်းရန် ပိုမိုလွယ်ကူပြီး လုံခြုံစေသည့်အက်ပ်တစ်ခု ဖြစ်သည်။

Tella အသုံးပြုနည်းဆိုင်ရာ နောက်ထပ် အချက်အလက်များအတွက် စတင်ရန် လမ်းညွှန်သို့ ဝင်ရောက်ကြည့်ရှုပါ။

Tella ကို ဘယ်သူ ဖန်တီးထားတာလဲ။

Tella ကို အကျိုးအမြတ်မယူသော လူ့အခွင့်အရေး အဖွဲ့ Horizontal မှ တီထွင်ထိန်းသိမ်းထားသည်။ Tella ကို တီထွင်ခြင်းအပြင် Horizontal သည် အခြား ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေးဆိုင်ရာ ကိရိယာများကို တီထွင်ပြီး ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်သူများကို လေ့ကျင့်ပေးလျက်ရှိပါသည်။

Tella ကို Android တွင် ရနိုင်ပါသလား။

ဟုတ်ပါသည်၊ Tella ကို Android အတွက် ရနိုင်ပြီး Google Play Store မှ တိုက်ရိုက် ဒေါင်းလုဒ်လုပ်နိုင်ပါသည် တယ်လီဂရမ်ချန်နယ် သို့မဟုတ် APK တစ်ခုအဖြစ် ကိုယ်တိုင်ထည့်သွင်းရန် ဤဖိုင်တွဲမှ ရယူနိုင်ပါသည်။ အက်ပ်ကို ကိုယ်တိုင်ထည့်သွင်းရန် ကူညီလိုပါက သင်သည် ဤလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နိုင်ပါသည် သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်

:::အကြံပြုချက် Tella ကို Play Store မှရှာပြီး ဒေါင်းလုဒ်လုပ်နည်း နှင့် Tella ကို ကိုယ်တိုင် ထည့်သွင်းနည်း တို့ကို ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာများတွင် ထပ်မံလေ့လာပါ။ :::

Tella ကို F-Droid တွင် ရနိုင်ပါသလား။

ဟုတ်ပါသည်၊ Tella-FOSS ဟု ခေါ်သော Tella Android ဗားရှင်းကို F-Droid တွင် ကျွန်ုပ်တို့ ထုတ်ဝေထားပါသည်။ ဤဗားရှင်း၌ အောက်တွင်ဖော်ပြထားသည်မှအပ အင်္ဂါရပ်အားလုံး ရနိုင်ပါသည်-

  • Tella ဝဘ်ချိတ်ဆက်မှု
  • တင်သွင်းသည့်အခါ မူရင်းဖိုင်ကို ဖျက်ရန် ရွေးချယ်မှု
  • ကင်မရာ၏ အင်္ဂါရပ်အချို့ (ချုံ့ချဲ့ခြင်း၊၊ ကင်မရာ အလှည့်အပြောင်း၊ ဖလက်ရှ်မီးနှင့် ဇယားကွက်ခွင့်ပြုမှုများ၊ ဗီဒီယို ကြည်လင်ပြတ်သားမှု ပြောင်းလဲခြင်း)

ဤဗားရှင်းသည် အခမဲ့ ပွင့်လင်းအရင်းအမြစ် ဖြစ်သည်၊ ဆိုလိုသည်မှာ Tella ၏ ကုဒ်အားလုံးနှင့် Tella အသုံးပြုသည့် ရင်းမြစ်သိုလှောင်မှုအားလုံး၏ ကုဒ်များသည် အပြည့်အဝ လွတ်လပ်ပြီး အခမဲ့ ရယူနိုင်သော ရင်းမြစ် ဖြစ်သည်။

ဤဗားရှင်း၌ Android တွင် ချွတ်ယွင်းချက်များနှင့် ပျက်စီးမှုများကို ရှာဖွေပေးသည့် ခြေရာခံကိရိယာများပင် မပါဝင်ပါ။

Tella ကို iOS တွင် ရနိုင်ပါသလား။

ဟုတ်ပါသည်၊ iOS အတွက် Tella ကို App Store တွင် ဒေါင်းလုဒ် လုပ်နိုင်ပါသည်။ iOS အတွက် Tella သည် အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွင် ရှိနေသောကြောင့် အင်္ဂါရပ်အားလုံးကို မရနိုင်သေးပါ။ သို့သော် ၎င်းသည် တည်ငြိမ်နေပြီး လုံခြုံရေးစစ်ဆေးမှုကို ခံယူထားသည်။

iOS တွင် မည်သည့်အင်္ဂါရပ်များကို ရနိုင်ကြောင်း အသေးစိတ်သိရှိရန် "ပလက်ဖောင်းအလိုက် ဝန်ဆောင်မှုရရှိနိုင်မှု" တွင် ကြည့်ပါ။

ပလက်ဖောင်းတစ်ခုစီတွင် မည်သည့်အင်္ဂါရပ်များ ရနိုင်ပါသလဲ။

အင်္ဂါရပ်AndroidiOSAndroid FOSS
အက်ပ် သော့ခလောက်စကားဝှက်၊ ပင်နံပါတ်၊ ပုံစံစကားဝှက်၊ ပင်နံပါတ်စကားဝှက်၊ ပင်နံပါတ်၊ ပုံစံ
နောက်ခံဒေတာ ကုဒ်ဝှက်ခြင်း✔️✔️မရသေး
လော့ခ်ကျရန် ကြာချိန် သတ်မှတ်ပေးခြင်း✔️✔️✔️
ကင်မရာ အသံတိတ်မုဒ်✔️မရသေး✔️
စခရင် လုံခြုံရေး✔️✔️✔️
သော့ဖွင့်ရန် ကြိုးပမ်းမှုများကို ကန့်သတ်ပေးခြင်း✔️✔️မရသေး
မီဒီယာကို တည်းဖြတ်ပါဓာတ်ပုံများကို ဖြတ်တောက်မည်၊ လှည့်မည်ဓာတ်ပုံများကို ဖြတ်တောက်မည်၊ လှည့်မည်မရသေး
ကုဒ်ဝှက်ခြင်း✔️✔️✔️
ကုဒ်ဝှက်ထားသော ဖိုင်စီမံခန့်ခွဲမှု✔️✔️✔️
တုံ့ပြန်ချက်✔️✔️မရသေး
စက်ပစ္စည်းမှ ဖိုင်များကို တင်သွင်းမည်✔️✔️လုပ်ဆောင်မည်၊ သို့သော် ဖျက်ပြီးမူရင်းဖိုင် မပါဝင်ပါ
တင်သွင်းသည့်အခါ မက်တာဒေတာကို သိမ်းဆည်းမည်✔️✔️မရသေး
ကိုယ်ပိုင်လုံခြုံမှုကို ထိန်းသိမ်းထားသော အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (opt-in)✔️မရသေးမရသေး
အသွင်ပြောင်းခြင်း✔️iOS တွင် မဖြစ်နိုင်ပါ✔️
ပင်မစခရင်ကို စိတ်ကြိုက်ပြင်ဆင်ခြင်း✔️✔️✔️
ကင်မရာ (ဓာတ်ပုံများနှင့် ဗီဒီယိုများ)✔️✔️လုပ်‌ဆောင်မည်၊ သို့သော် ချုံ့ချဲ့ခြင်း၊ ကင်မရာ အလှည့်အပြောင်း၊ ဖလက်ရှ်မီးနှင့် ဇယားကွက် ခွင့်ပြုမှုများ မပါဝင်ပါ
ဗီဒီယို ကြည်လင်ပြတ်သားမှုကို ရွေးမည်✔️မရသေးမရသေး
အသံဖမ်းစက်✔️✔️✔️
Tella တွင် ဖိုင်များကိုဖွင့်မည်✔️✔️ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ (PDF မဟုတ်ပါ)
အတည်ပြုမုဒ်✔️မရသေး✔️
အမြန်ဖျက်ရန်ဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tellaဖိုင်များနှင့် ချိတ်ဆက်မှုများဖိုင်များ၊ ချိတ်ဆက်မှုများနှင့် Tella
အမြန်ထွက်ရန်သော့ခတ်ပြီး ပိတ်မည်သော့ခတ်မည်သော့ခတ်ပြီး ပိတ်မည်
ဒေတာစုဆောင်းရန်နှင့် ဖိုင်များပေးပို့ရန် ချိတ်ဆက်မှုများ- Tella ဝဘ်
- Uwazi
- Open Data Kit (ပုံစံများ)
- Tella ဝဘ်
- Uwazi
- Uwazi
- Open Data Kit (ပုံစံများ)
အော့ဖ်လိုင်းဒေတာစုဆောင်းခြင်း✔️✔️✔️

အင်္ဂါရပ်တစ်ခုစီ၏ အသေးစိတ် အချက်အလက်များအတွက် အင်္ဂါရပ်များ ကို ကြည့်ပါ။

Tella ကို Desktop တွင် ရနိုင်ပါသလား။

Tella ဝဘ်သည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံများ အပါအဝင် Tella အသုံးပြုသူများ တင်သွင်းသော အစီရင်ခံစာများကို သိမ်းဆည်းရန် သိုလှောင်ခန်းအဖြစ် ဆောင်ရွက်ပေးသည့် ဝဘ်အက်ပ်တစ်ခု ဖြစ်သည်။ Tella ဝဘ်အကြောင်း ဤနေရာ တွင် ပိုမိုလေ့လာပါ

ملاحظة

Tella ဝဘ်တွင် ဖိုင်များကို ကုဒ်ဝှက်ခြင်းနှင့် ဖုံးကွယ်ခြင်း သို့မဟုတ် အစီရင်ခံစာများ ဖန်တီးခြင်းတို့ မပြုလုပ်နိုင်ကြောင်း သတိပြုပါ။ ဤလုပ်ဆောင်ချက်များကို မိုဘိုင်းအက်ပ်များတွင်သာ ပြုလုပ်နိုင်ပါသည်။ Tella ဝဘ်သည် Tella အက်ပ်တွင် စုဆောင်းထားသော ဒေတာများကို ပေးပို့နိုင်သော ချိတ်ဆက်မှုများ အနက် တစ်ခုဖြစ်သည်။

Tella ကို ဘယ်မှာ ရနိုင်မလဲ။

ကျေးဇူးပြု၍ သင်ပိုင်ဆိုင်သည့် ကိရိယာပေါ်မူတည်၍ Android တွင် Tella ရနိုင်ပါသလား။ သို့မဟုတ် iOS တွင် Tella ရနိုင်ပါသလား။ မေးခွန်းများကို ကိုးကားပါ။

ကျွန်ုပ်သည် Tella အတွက် စမ်းသပ်စစ်ဆေးသူတစ်ယောက် မည်သို့ဖြစ်လာရမည်နည်း။

  • Android - သင့် Android စက်ကို သုံး၍ ဤလင့်ခ် မှတစ်ဆင့် သို့မဟုတ် သင့်ဝဘ်ဘရောက်ဇာကို သုံး၍ [ဤလင့်ခ်] (https://play.google.com/apps/testing/org.hzontal.tella) မှတစ်ဆင့် Google Play Store တွင် စာရင်းသွင်းပါ။
  • iOS - သင့် iPhone ကို သုံး၍ [ဤလင့်] (https://testflight.apple.com/join/d8r2QRWh) ကို ဖွင့်ပြီး App Store တွင် စာရင်းသွင်းပါ။

မည်သည့်ဖုန်းတွေက Tella ကို ပံ့ပိုးပေးပါသလဲ။

Tella ကို Android 5.0 နှင့်အထက် နှင့် iOS 14.0 နှင့်အထက်ရှိသော စက်များနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

Tella က အခမဲ့လား။

ဟုတ်ပါသည်၊ Tella ကို အခမဲ့ ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုနိုင်သည်။ ၎င်းကို အမြဲတမ်းလည်း အခမဲ့ ရရှိနေမည် ဖြစ်သည်။

Tella သည် ပွင့်လင်းအရင်းအမြစ် လည်း ဖြစ်သည်။

Tella ကို မည်သည့် ဘာသာစကားဖြင့် ရနိုင်ပါသလဲ။

ဘာသာစကား အသုံးပြုနိုင်မှုမှာ ကျွန်ုပ်တို့၏ ဦးစားပေးမှုများအနက် တစ်ခုဖြစ်သောကြောင့် Tella ကို လိုအပ်ကြောင်း ဖော်ပြသည့် အသိုင်းအဝိုင်းများ၏ ဘာသာစကားများဖြင့် Tella ကို အသုံးပြုနိုင်စေရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်နေပါသည်။

လက်ရှိတွင် Tella ကို အောက်ပါဘာသာစကားများဖြင့် ရရှိနိုင်ပါသည် -

  1. အာရဗီ
  2. ဘီလာရု
  3. မြန်မာ
  4. အင်္ဂလိပ်
  5. ပြင်သစ်
  6. အင်ဒိုနီးရှား
  7. ဂျိန်းဖော
  8. ကန်နာဒါ
  9. ကရင်စကော
  10. ကာ့ဒ်
  11. မလေး
  12. ပါရှန်း
  13. ပေါ်တူဂီ
  14. ရုရှ
  15. စပိန် (လက်တင်အမေရိက)
  16. တမီးလ်
  17. ဗီယက်နမ်

Tella တွင် ဘာသာစကားသုံးစွဲနိုင်မှုအကြောင်း ဤနေရာ တွင် ပိုမိုဖတ်ရှုပါ။

Tella သည် တက်ဘလက်များတွင် အလုပ်လုပ်ပါသလား။

Tella ကို Android တက်ဘလက်များတွင် အလုပ်လုပ်သော်လည်း iPad များအတွက် လောလောဆယ် မရရှိနိုင်ပါ။ iPad အတွက် ပံ့ပိုးမှုက သင့်အတွက် အရေးကြီးပါက ကျွန်ုပ်တို့ ဦးစားပေး ဆောင်ရွက်နိုင်စေရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

Tella ကို တိုးတက်စေရန်အတွက် ကျွန်ုပ်၏ အကြံပြုချက်များကို မည်သည့်နေရာတွင် ပေးပို့နိုင်ပါသလဲ။

ကျွန်ုပ်တို့သည် သင့်ထံမှ ကြားလိုပါသည်။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

သိုလှောင်မှု

Tella ကို ထည့်သွင်းရန် သိုလှောင်မှုပမာဏ မည်မျှလိုအပ်ပါသလဲ။

Tella အက်ပ်သည် အရွယ်အစားသေးငယ်သည် -

  • Android ပေါ်တွင် 26MB
  • iOS ပေါ်တွင် 7MB

အက်ပ်တွင် သိမ်းဆည်းထားသည့် ဒေတာပမာဏပေါ်မူတည်၍ အက်ပ်အရွယ်အစားသည် တိုးလာမည်ဖြစ်သည်။ နေရာယူမှု သက်သာစေရန် အသုံးပြုသူများသည် Tella ရှိ ဗီဒီယိုအရည်အသွေးဆက်တင်များကို (အလွန်မြင့်၊ မြင့်၊ အလတ် သို့မဟုတ် အနိမ့်) သို့ ချိန်ညှိနိုင်သည်။ ထို့ပြင် နေရာယူမှု သက်သာစေရန် Tella အတွင်းရှိ ဖိုင်များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖျက်နိုင်သည်။

Tella တွင် မည်မျှ သိုလှောင်နိုင်ပါသလဲ။ သိုလှောင်နိုင်မှု ကန့်သတ်ချက် ရှိပါသလား။

Tella အတွက် သီးသန့်သိုလှောင်မှု ကန့်သတ်ချက် မရှိပါ၊ ကန့်သတ်ချက်များသည် သင့်စက်တွင်ရနိုင်သော စနစ်သိုလှောင်မှုနေရာအပေါ် မူတည်ပါသည်။

လက်ရှိတွင် (SD ကတ်များကဲ့သို့) ပြင်ပသိုလှောင်မှု တည်နေရာများတွင် Tella ကို အသုံးမပြုနိုင်ပါ။

လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက် ကာကွယ်မှု

ကျွန်ုပ်၏ သော့ခလောက်ကို မမှတ်မိပါ။ Tella ထဲသို့ မည်သို့ ဝင်နိုင်သနည်း။

ကံမကောင်းစွာဖြင့် Tella အတွက် သင့်သော့ခလောက်ကို မေ့သွားပါက ဝင်ရောက်ရန် နည်းလမ်းမရှိပါ။ Tella ကို ဖြုတ်ပြီး ၎င်းကို ပြန်လည်ထည့်သွင်းရပါမည်။ Tella တွင် သိမ်းဆည်းထားသည့်ဖိုင်များကို သင်ပြန်လည်ရယူနိုင်တော့မည် မဟုတ်ပါ။

:::အကြံပြုချက် ကျွန်ုပ်တို့၏ ဗီဒီယိုသင်ခန်းစာများတွင် Tella သော့ခလောက်များ အကြောင်း ပိုမိုလေ့လာပါ။ :::

ကျွန်ုပ် Tella ကို ဖုန်းအသစ်တစ်လုံးသို့ မည်သို့ပြောင်းရွှေ့ရမည်နည်း။

ကံမကောင်းစွာဖြင့် ဖုန်းအဟောင်းတစ်လုံးပေါ်ရှိ Tella မှ သင်၏ ဖိုင်များနှင့်ဒေတာကို ဖုန်းအသစ်တစ်လုံးပေါ်ရှိ Tella သို့ အလိုအလျောက် ရွှေ့ပြောင်းနည်း မရှိပါ။

Apple ၏ Migration Assistant ကို သုံးလျှင် အလုပ်ဖြစ်မည် မဟုတ်ပါ - သင့်ဖိုင်များသည် ဖုန်းအသစ်သို့ ကုဒ်ဝှက်လျက် သင့်ကုဒ်ဝှက်သော့များ မပါဘဲ ရွှေ့ပြောင်းသွားမည်ဖြစ်သည်။ ရလဒ်အနေနှင့် သင်သည် ဤဖိုင်များကို ကုဒ်ဖြေ၍ ဖွင့်နိုင်မည် မဟုတ်ပါ။

သင့် Tella ဖိုင်များကို ဖုန်းအသစ်တစ်လုံးသို့ ရွှေ့ပြောင်းရန် သင်သည် စက်အသစ်တွင် Tella ကို ထည့်သွင်းရန်၊ ဖိုင််အားလုံးကို Tella ပြင်ပသို့ တင်ပို့ရန်နှင့် ထိုဖိုင်များကို ဖုန်းအသစ်သို့ ကိုယ်တိုင် တင်သွင်းရန် လိုအပ်ပါသည်။ အောက်ပါအဆင့်များကို လိုက်နာရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည် -

  1. သင့်ဖုန်းအဟောင်းတွင် "ဖိုင်အားလုံး" ဖိုင်တွဲသို့ သွား၍ သင့်ဖိုင်နှင့် ဖိုင်တွဲအားလုံးကို ရွေးချယ်ရန် "အားလုံးကို ရွေးရန်" အမှန်ခြစ်အကွက်ကို အသုံးပြုပါ။ ထိုဖိုင်များကို ဖုန်းအယ်လ်ဘမ်တွင် -ကုဒ်ဝှက်မထားဘဲ-၊ မြင်နိုင်သည်ကို သတိပြုပါ။
  2. သင့်ဖိုင်များကို စက်အသစ်သို့ ရွှေ့ပြောင်းရန် (Android ရှိ) Quick Share၊ (iOS ရှိ) Airdrop သို့မဟုတ် အခြားဒေတာလွှဲပြောင်းသည့် ကိရိယာတစ်ခုခုကို အသုံးပြုပါ။ ဖိုင်များကို ကုဒ်မဝှက်ဘဲ လွှဲပြောင်းပါမည်။
  3. သင့်ဖုန်းအသစ်တွင် Tella ကို ဖွင့်ပြီး "ဖိုင်အားလုံး" ဖိုင်တွဲသို့ သွားပါ၊ "+" ခလုတ်ကို နှိပ်ပြီး "စက်မှ တင်သွင်းမည်" ကို ရွေးချယ်ပါ။ ထိုဖိုင်များကို Tella အတွင်း၌သာ လုံခြုံစွာ သိမ်းဆည်းထားကြောင်း သေချာစေရန် ဒိုင်ယာလော့တွင် "မူရင်းကို ဖျက်ရန်" ကို ရွေးချယ်နိုင်ပါသည်။ သင့်ဖုန်းအဟောင်းမှ တင်ပို့လိုက်သော ဖိုင်များကို ရွေးချယ်ပြီး ၎င်းတို့ကို Tella သို့ တင်သွင်းပါ။
  4. Tella ၏ ကုဒ်ဝှက်ထားသောနေရာတွင် လုံခြုံစွာသိမ်းဆည်းမထားသော ဖိုင်များကို သင့်ဖုန်းနှစ်လုံးစလုံး၏ အယ်လ်ဘမ်များမှ သေချာဖျက်ပစ်ပါ။

Tella က ဘယ်လောက်လုံခြုံလဲ။

၁၀၀% "လုံခြုံသော" အက်ပ်ဟူ၍ မရှိပါ။ လုံခြုံရေးသည် အသုံးပြုသူတိုင်းကြုံတွေ့ရသည့် ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များပေါ်တွင် မူတည်ပါသည်။ ဤအချက်ကြောင့် (စစ်ဆေးရေးဂိတ်များ၊ နယ်နိမိတ်များ၊ လမ်းများ စသည်တို့တွင်) စက်ပစ္စည်းရှာဖွေမှုများအတွင်း သုံးစွဲသူများ ဘေးကင်းစေရန်၊ ထိရှလွယ်သောဖိုင်များနှင့် ဒေတာများကို စက်တွင် သိမ်းဆည်းထားစဉ်နှင့် ပေးပို့နေစဉ် ကာကွယ်ပေးရန် Tella ကို တည်ဆောက်ထားပါသည်။

ဤသို့ ပြုလုပ်ရန် Tella သည် ဒေတာအားလုံးကို သုံးစွဲသူ၏ စက်တွင် ကုဒ်ဝှက်၍ စကားဝှက်ကာကွယ်ရေးများ သုံးကာ သော့ခတ်ပြီး ပုံဖျက်သည့် ရွေးချယ်စရာအမျိုးမျိုးဖြင့် ဝှက်ထားနိုင်ပါသည်။ ဆာဗာများထံ ပေးပို့သော ဒေတာအားလုံးကိုလည်း ကုဒ်ဝှက်ပါသည်။ ကျွန်ုပ်တို့ ဤကိစ္စရပ်ကို မည်သို့လုပ်ဆောင်ကြောင်း အသေးစိတ်အချက်အလက်များအပြင် အန္တရာယ်ရှိနိုင်ခြေများနှင့် ကန့်သတ်ချက်များအကြောင်းကို Tella ၏ လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှုအပိုင်း တွင် ဖတ်ရှုနိုင်ပါသည်။

Tella ကို လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးပါသလား။

မှန်ပါသည်။ ကျွန်ုပ်တို့၏ လုံခြုံရေး စစ်ဆေးမှုအားလုံးကို ဤနေရာ တွင် ကြည့်ရှုနိုင်ပါသည်။

Tella ကို တပ်ဆင်ခြင်း

"Tella" ကို တပ်ဆင်ခြင်းဆိုတာ ဘာကို ဆိုလိုပါသလဲ။

Tella ကို တပ်ဆင်ခြင်းဆိုသည်မှာ အထူးသဖြင့် သင်သုံးရန်နှင့် သင့်အသိုင်းအဝိုင်း သို့မဟုတ် အဖွဲ့အစည်းအတွက် Tella ကို အသုံးပြုရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ဤအရာတွင် အောက်ပါအချက်များ ပါဝင်နိုင်ပါသည်။

  • သင့်ဒေတာကို ဘယ်နေရာမှာ သိမ်းဆည်းမလဲဆိုတာ ဆုံးဖြတ်ခြင်း (ဥပမာ ပြင်ပအဖွဲ့အစည်းဆာဗာကို အသုံးပြုခြင်း သို့မဟုတ် ၎င်းကို ကိုယ်တိုင်သိမ်းဆည်းခြင်း)
  • သင့်ဒေတာကို မည်သို့ ဖွဲ့စည်းမည်ကို ဆုံးဖြတ်ခြင်း
  • ဆာဗာကို ထည့်သွင်းခြင်းနှင့် စီစဉ်သတ်မှတ်ခြင်း
  • အသုံးပြုသူများကို လေ့ကျင့်ပေး၍ အက်ပ်ကို ထည့်သွင်းပြီး စီစဉ်သတ်မှတ်ပေးနိုင်ရန် ကူညီပေးခြင်း
  • ဆာဗာ ပြုပြင်ထိန်းသိမ်းမှုအတွက် စီမံကိန်းချမှတ်ခြင်း

Tella ကို အသုံးပြုခြင်းအကြောင်း ပိုမိုဖတ်ရှုရန် အဖွဲ့အစည်းများအတွက် ကဏ္ဍသို့ သွားပါ။

Tella ကို အသုံးပြုရန် ကူညီပေးနိုင်ပါသလား။

သင့်အား ကူညီလိုပါသည်။ Tella ကို သင် မည်သည့်အတွက် အသုံးပြုလိုကြောင်းနှင့် ၎င်းကို မည်သည့်အခြေအနေတွင် အသုံးပြုလိုကြောင်း ကျွန်ုပ်တို့အား ပြောပြပါ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ ကျွန်ုပ်တို့ ပြန်လည် ဆက်သွယ်ပါမည်။

Tella သည် အခြားမှတ်တမ်းတင်သည့် အက်ပ်များနှင့် မည်သို့ကွာခြားသနည်း။

Tella သည် သင့်လိုအပ်ချက်များအတွက် အကောင်းဆုံးအက်ပ် ဖြစ်၊ မဖြစ် ဆုံးဖြတ်ရန် သင့်အား ကျွန်ုပ်တို့ကူညီပေးလိုပါသည်။ သင်ထည့်သွင်းစဉ်းစားနိုင်မည့် အခြားအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်သူများက တီထွင်ဖန်တီးထားသော အခြားမှတ်တမ်းတင်သည့် အက်ပ်များ ရှိပါသည်။

:::မှတ်ချက် Tella နှင့် အခြားအက်ပ်များအကြား ခြားနားချက်ကို သင် နားလည်စေနိုင်ရန် ကျွန်ုပ်တို့သည် ဤနှိုင်းယှဉ်ဇယားကို ဖန်တီးထားသော်လည်း ဘက်လိုက်ထားနိုင်ပါသည် 😊။ အမှီအခိုကင်းသော အဖွဲ့အစည်းများ၏ နှိုင်းယှဉ်မှုများကို အောက်ပါလင့်ခ်များတွင် ကြည့်ရှုပါ။ :::

TellaODK Collect
KoboCollect
EyeWitness to AtrocitiesCameraVProofMode
စက်တွင်း ကုဒ်ဝှက်ခြင်း
အသွင်ပြောင်းခြင်း -
အသုံးဝင်မှု😃😭😐😐😃
အတည်ပြုနိုင်သော သက်သေ
ဒေတာစုဆောင်းမှု (ဒေတာကို အဝေးထိန်းဆာဗာတစ်ခုထံ ပေးပို့ပြီး သိမ်းဆည်းထားသည်)
စိတ်ကြိုက်ပြင်ဆင်နိုင်သော ဖောင်များ
ကိုယ်တိုင် လက်ခံသိမ်းဆည်းခွင့် (ဒေတာ အပြည့်အဝထိန်းချုပ်ခွင့်ရှိ)
စည်းရုံးလှုံ့ဆော်မှု သို့မဟုတ် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှု

Tella နှင့် ယေဘုယျအားဖြင့် လူ့အခွင့်အရေး မှတ်တမ်းပြုစုခြင်း လုပ်ငန်းစဉ်များအကြောင်း သုတေသနနှင့် လေ့လာတွေ့ရှိချက်အချို့ကို ဤနေရာတွင် တွေ့နိုင်သည် -